Connect with us

Myanmar

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိန်းဖြူ ၁၃.၂ ကီလိုဂရမ် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းဖြူ ၁၃. ၂ ကီလိုဂရမ်သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ ဧပြီ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဧပြီလ ၂၆ ရက်က ဝင်ရောက်စီးနင်းရှာဖွေရာ ဘိန်းဖြူဘလောက်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ကျပ်ငွေ ၁၃၂ သန်းခန့်တန်ဖိုးရှိကြောင်း သိရသည်။

ယင်းသံသယရှိသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.