Connect with us

Myanmar

တရုတ်အသင်းက နီပေါအသင်းကို အနိုင်ရရှိပြီးနောက် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် ဒုတိယမြောက် အောင်ပွဲရရှိ

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအတွင်း တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ- ၂၀ အမျိုးသမီးအသင်းတို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၈ ရက် ညနေပိုင်း၌ ကျင်းပရာ တရုတ် ယူ-၂၀ အမျိုးသမီးအသင်းက နီပေါ ယူ-၂၀ အမျိုးသမီးအသင်းကို (၅-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဒုတိယမြောက် အောင်ပွဲရရှိခဲ့သည်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအတွင်း တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ- ၂၀ အမျိုးသမီးအသင်းတို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအတွင်း တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ- ၂၀ အမျိုးသမီးအသင်းတို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအတွင်း တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ- ၂၀ အမျိုးသမီးအသင်းတို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအတွင်း တရုတ် ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ- ၂၀ အမျိုးသမီးအသင်းတို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ပွဲစပြီး ၁၆ မိနစ်တွင် ရှေ့တန်းတိုက်စစ်မှူး Ouyang Yuhuan က အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
တရုတ်အသင်းအတွက် အခြားဂိုးများကို ပြိုင်ပွဲပထမပိုင်း အချိန် ၂၆ မိနစ်တွင် Huo Yuexin ကလည်းကောင်း၊ အချိန်ပို ၄ မိနစ်တွင် Yin Lihong ကလည်းကောင်း၊ အချိန်ပို ၆ မိနစ်တွင် Lu Jiayu ကလည်းကောင်း၊ ပွဲချိန် ၈၇ မိနစ်တွင် Yu Jiaqi တို့က အနိုင်ဂိုးများ အသီးသီး
သွင်းယူခဲ့သည်။

“ဒီနေ့ပွဲစဉ်ရလဒ်တွေအရတော့ ကျွန်တော်တို့အသင်းက 2024 AFC U-20 အမျိုးသမီး အာရှဖလား ဖိုင်နယ်ပြိုင်ပွဲကို တက်ရောက်နိုင်နေပြီဖြစ်ပါတယ်။ အဲဒါ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ပန်းတိုင် မဟုတ်သေးပါဘူး။ ဒါကြောင့် လာမယ့်ပွဲတွေမှာ ပိုကြိုးစားပြီး အကောင်းဆုံးကစားဖို့ လိုပါတယ်”ဟု တရုတ်အသင်းနည်းပြချုပ် Wang Jun သည် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ခြေစစ်ပွဲအုပ်စု B တွင် မြန်မာအသင်းက တရုတ်တိုင်ပေအသင်းနှင့် ဇွန် ၈ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကစားခဲ့ပြီး ၁-၁ ဂိုးဖြင့် သရေရလဒ် ရရှိခဲ့သည်။

အုပ်စု B ၏ လက်ကျန်ပွဲစဉ်များကို ဇွန်လ ၁၀ ရက်တွင် ကစားမည်ဖြစ်သည်။ ဇွန်လ (၁၀)ရက်တွင် နီပေါအသင်းနှင့် တရုတ်(တိုင်ပေ)အသင်း၊ တရုတ်အသင်းနှင့် မြန်မာအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အုပ်စု B တွင် တရုတ်၊ မြန်မာ၊ နီပေါနှင့် တရုတ် (တိုင်ပေ) အသင်းတို့ ပါဝင်ပြီး အုပ်စု A တွင် သြစတြေးလျ၊ ဗီယက်နမ်၊ အီရန်နှင့် လက်ဘနွန်အသင်းတို့ ပါဝင်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘက်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်မှ ၁၆ ရက် အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.