Myanmar
ကာယဗလမောင်မယ်များက ခန္ဓာကိုယ်အလှအပနှင့် ကြံ့ခိုင်တောင့်တင်းမှုကို ရန်ကုန်မြို့၌ ပြုလုပ်သည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၌ ထုတ်ဖော်ပြသ

ရန်ကုန်၊ ဇူလိုင်၊ ၂၄ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့၌ ဇူလိုင် ၂၃ ရက်က ကျင်းပသော (၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ ကာယဗလ အားကစားသမား ၁၃၀ ကျော်သည် ခန္ဓာကိုယ်အလှအပနှင့် ကြံ့ခိုင်တောင့်တင်းမှုများကို ထုတ်ဖော်၍ ၎င်းတို့၏ ပြောင်မြောက်သော စွမ်းရည်များကို ပြသခဲ့ကြသည်။

ရန်ကုန်မြို့၌ ဇူလိုင် ၂၃ ရက်က ကျင်းပသော (၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ တွင် ယှဉ်ပြိုင်နေကြသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့မှကြီးမှုးကျင်းပသော ယင်းပြိုင်ပွဲကို ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ကျင်းပခဲ့သည်။
“ဒီပြိုင်ပွဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အားကစားသမားတွေအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ကို မြှင့်တင်ဖို့နဲ့ ကာယဗလနဲ့ ကာယကြံ့ခိုင်မှုအားကစား ဖွံ့ဖြိုးတိုးတက်ရေးအားပေးမြှင့်တင်ဖို့ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကပြောသည်။
ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု ကိုယ်စားပြု အသင်းပေါင်း ၁၅ သင်း က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
“ဒီပြိုင်ပွဲမှာ အမျိုးအစား ၁၃ မျိုး ကို တစ်နိုင်ငံလုံးက အားကစားသမား စုစုပေါင်း ၁၃၄ ဦး ပါဝင်ယှဉ်ပြိုင်နေပါတယ်” ဟု မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့ဝင် ဦးတင့်နိုင်က ဆင်ဟွာသို့ပြောသည်။ယင်းပြိုင်ပွဲသည် အားကစားသမားများကို အားပေးကူညီရုံသာမက မျိုးဆက်သစ်များ၏ အရည်အချင်းများကို ပြုစုပျိုးထောင်ပေးသည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒီပွဲပြီးသွားရင်အရှေ့တောင်အာရှ ချန်ပီယံရှစ်၊ နောက်ပြီးတခြား ချန်ပီယံရှစ် အာရှရှိတယ်။ ကမ္ဘာရှိတယ်။ အဲဒီထဲမှာမှ SEA Gamesကို ယှဉ်ပြိုင်ရမှာပါ ” ဟု၎င်း ကဆက်ပြောသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လည်း တက်ရောက်ကာ ပြိုင်ပွဲတွင် ဆုရရှိ သူများအား ဆုများ ပေးအပ် ချီးမြှင့်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှ အားကစားဝါသနာရှင် ပရိသတ် ရာနှင့်ချီ၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)