Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂.၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး/ထိန်းချုပ်ဓာတုဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂.၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်ခုကို သတင်းအရရှာဖွေရာ အဆိုပါနေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁:၃၀နာရီတွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပိုင်ရှင်အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ သတင်းကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်ရှိ နန္ဒကို (ခ) နန္ဒ၏ နေအိမ်ကိုရှာဖွေရာ ၎င်းအား စိတ်ကြွရူးသွပ်ဆေးပြား ၉.၆၁၂ သိန်း၊ ဘိန်းဖြူ ၂၇၀ ဂရမ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ကျပ် ၂.၉၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉.၆၁၂ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.