Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၂ ရက် တွင်ပြောကြားသည်။

အဆိုပါငလျင်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၁) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် အနက် (၅၈) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငလျင် လှုပ်ရှားမှုကို ဒေသခံများအနေဖြင့် ခံစားသိရှိခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နေထိုင်သူ မသက်ထားစံက “ကျွန်မတို့ ဟုမ္မလင်းမြို့မှာ ငလျင်လှုပ်တာကို ခံစားသိရှိလိုက်ပါတယ်။ ငလျင်က တစ်ချက်တည်းလှုပ်လိုက်တာ တော်တော်ပြင်းပါတယ်။ ပျက်စီးတာတွေဘာတွေတော့ မတွေ့မိပါဘူး” ဟုဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင်ပြောသည်။

အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ရှိမရှိ ကို စာရင်းများကောက်ယူနေဆဲဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.