Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနား ကျင်းပ (၁၀/၁၀/၂၀၂၄ – MOI)

-ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၁၀/၁၀/၂၀၂၄ – MOI)

-ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၊ ပြည်မြို့ တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်(၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပွဲသို့ တက်ရောက် (၁၀/၁၀/၂၀၂၄ – MRTV)

-ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် လမ်း၊ တံတားပျက်စီးမှုနှင့် ပြန်လည်ဆောင်ရွက်ထားရှိမှုများ သွားရောက်ကြည့်ရှုစစ်ဆေး (၁၀/၁၀/၂၀၂၄ – MRTV)

-ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် (၁၀/၁၀/၂၀၂၄ – MRTV)

-ဆန်စပါးအထွက်နှုန်း တိုးတက်ရရှိရေးအတွက် နည်းပညာများအပြင် ပံ့ပိုးမှုများလည်း လိုအပ်လျက်ရှိရာ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် ရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ပေးခြင်း၊ ဓါတ်မြေဩဇာ လိုအပ်ချက်များအား နှစ်အလိုက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ပေးလျက်ရှိ (၁၀/၁၀/၂၀၂၄ – MRTV)

-ရေကြီးနစ်မြုပ်မှုကြောင့် ပင်စင်ထုတ်ရမယ့် Epension ကတ်များ ပျောက်ဆုံးပျက်စီးခြင်းများ ရှိလာနိုင်သည့်အတွက် မိမိထုတ်ယူနေသည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲများသာမက Centarlized e-pension စနစ် ဆောင်ရွက်နေသော ဘဏ်ခွဲပေါင်း (၁၅၉) ဘဏ်တွင် ကိုယ်တိုင်အသစ် ပြန်လည်လာရောက် လျှောက်ထားနိုင် (၁၀/၁၀/၂၀၂၄ – MRTV)

-အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများကို မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပ (၁၀/၁၀/၂၀၂၄ – MRTV)