နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်အလွန် အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ၂၀၁၆-၂၀၂၅ ရေးဆွဲရေး လုပ်ငန်းစဉ် များအား ၁၈ ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၁၆ ကနေ နောင်လာမည့် (၁၀) နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာကျတဲ့ စီမံချက်အသစ်အရ အရည်အသွေး ပြည့်မီတဲ့ ခရီးသွားလာရေးဒေသ ဖြစ်ဖို့အတွက် ကြိုးပမ်းအားထုတ်ကြဖို့ အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးတွေက ဇန်နဝါရီ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။