Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား
(၂၆/၁၀/၂၀၂၄ – MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
(၂၆/၁၀/၂၀၂၄ – MRTV)

-FIFA နိုင်ငံတကာခြေစမ်းပွဲ ဒုတိယပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက တရုတ်(ဟောင်ကောင်)အမျိုးသမီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိ(၂၆/၁၀/၂၀၂၄ – MOI)

-ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ကမ္ဘာ့ဖလားအားကစားပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့က ရွှေ (၂)၊ ငွေ (၁) ထပ်မံဆွတ်ခူးရရှိ (၂၆/၁၀/၂၀၂၄ – MRTV)

-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှ အခန်းပေါင်း (၇၃၀)ကို ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ (၂၆/၁၀/၂၀၂၄ – MRTV)

-ကြည့်မြင်တိုင်မျက်မမြင်ကျောင်း(ရန်ကုန်)တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၁၀၄)ဦးကို လက်ခံသင်ကြားပေးလျက်ရှိ (၂၆/၁၀/၂၀၂၄ – MRTV)

-ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်)လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး (၂၆/၁၀/၂၀၂၄ – MRTV)

-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဉ်များသို့ ဆက်လက်ပါဝင်တက်ရောက် (၂၆/၁၀/၂၀၂၄ – MRTV)

-လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ တက်ရောက် (၂၆/၁၀/၂၀၂၄ – MRTV)

– ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးဧက သိန်း ၃၀ ကျော်အထိ တိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက် (၂၇/၁၀/၂၀၂၄-MOI)

-ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် (၂၇/၁၀/၂၀၂၄-MOI)

-ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး (၂၇/၁၀/၂၀၂၄-MOI)

-မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (၂၇/၁၀/၂၀၂၄-MOI)

-ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား/သူ စုစုပေါင်း (၁၄,၂၈၈)ဦး လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ (၂၇/၁၀/၂၀၂၄-MRTV)

-ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် တန်ဆောင်တိုင်မီးထွန်း ပွဲတော်၊ မီးပုံးပျံပွဲတော်နှင့် MSMEs ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၉)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပမည် (၂၇/၁၀/၂၀၂၄-MRTV)

-ဇီးကွက်မျိုးစိတ်များ မြန်မာ့မြေပေါ်တွင် ရေရှည်ရှင်သန်ကျက်စားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက် ထိန်းသိမ်းပေးရမည် (၂၇/၁၀/၂၀၂၄-MRTV)

-သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိသည့်ပြည်သူများကို အောက်တိုဘာ (၃၁)ရက်နေ့အထိ ဆက်လက်ကောက်ယူမည် (၂၇/၁၀/၂၀၂၄-MRTV)

-ဝါနှင့် နေကြာသီးနှံ စိုက်ပျိုးသည့် သမဝါယမအသင်း(၄၇၁)သင်းမှ အသင်းသား တောင်သူ စုစုပေါင်း(၂၀၃၈၄)ဦးအား တစ်ဧကလျှင် (၂)သိန်နှုန်းဖြင့် ညီမျှသည့် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိရာ ငွေကျပ်သန်းပေါင်း (၁၄၃၅၂ ဒသမ ၆၈၄)သန်းဖိုး ထောက်ပံ့ပေးနိုင်ခဲ့ (၂၇/၁၀/၂၀၂၄-MRTV)