Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၃၀/၁၀/၂၀၂၄ – MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး (၃၀/၁၀/၂၀၂၄ – MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၃၀/၁၀/၂၀၂၄ – MRTV)

-ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲ ကျင်းပ (၃၀/၁၀/၂၀၂၄ – MRTV)

-ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ (၃၀/၁၀/၂၀၂၄ – MRTV)
-ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း တိုင်ဖွန်းမုန်တိုင်း(ရာဂိ) ဒဏ်ကြောင့် ရေဘေးသင့်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ (၃၀/၁၀/၂၀၂၄ – MRTV)

-နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိ (၃၀/၁၀/၂၀၂၄ – MRTV)

-၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် တန်ချိန် စုစုပေါင်း (၇၆၆ ဒသမ ၀၂) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့ (၃၀/၁၀/၂၀၂၄ – MRTV)

-CNG သုံးမော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် CNG အိုး နှစ်ပတ်လည် သက်တမ်းတိုးခြင်းနှင့် သက်တမ်းလွန် CNG အိုးများအား သက်တမ်းရှိ CNG အိုးများဖြင့် အစားထိုး လဲလှယ်ပေးခြင်းများကို အင်းစိန်ရွာမရုံးတွင် ဆောင်ရွက်ပေးလျက်ရှိ (၃၀/၁၀/၂၀၂၄ – MRTV)

-စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(GXETVI)တို့ ပူးပေါင်းဖွင့်လှစ်သည့် အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲကျင်းပ (၃၀/၁၀/၂၀၂၄ – MRTV)

-၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)ပထမနှစ်တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ် (၃၁/၁၀/၂၀၂၄ – MOI)

-နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၃၁/၁၀/၂၀၂၄ – MOI)

-မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် (၃၁/၁၀/၂၀၂၄ – MRTV)