Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ကြောင်း တစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၊ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး (၄/၁၀/၂၀၂၄ – MRTV)

-ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် ကျေးရွာများတွင် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ ကြီးမှူးပြီး မိတ်ဖက်အသင်းများနှင့် စားသောက်ကုန်များနှင့် ထောက်ပံ့ငွေများပေးအပ် (၄/၁၀/၂၀၂၄ – MRTV)

-၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ(၅)လအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း ပုစွန် မက်ထရစ်တန်ချိန် (၂၆၀၀)ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၉ ဒသမ ၅၈၁)သန်း ရရှိထား (၄/၁၀/၂၀၂၄ – MRTV)

-ယခုဘဏ္ဍာနှစ်၏ (၅)လတာကာလအတွင်း စက်မှုကုန်ချောကဏ္ဍ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ (၇၅)သန်း ရရှိထား (၄/၁၀/၂၀၂၄ – MRTV)

– ဒုတိယဝန်ကြီး ဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား လက်ခံတွေ့ဆုံ (၄/၁၀/၂၀၂၄ – MOI)

-နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ချေးငွေဆိုင်ရာလုပ်ငန်းတို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ (၄/၁၀/၂၀၂၄ – MOI)

-(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား အောက်တိုဘာလ(၃)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပခဲ့ (၄/၁၀/၂၀၂၄ – MRTV)

-ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ (၄/၁၀/၂၀၂၄ – MRTV)

-ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဘုရား (၉)ဆူကို မိုးကြိုးလွှဲ တပ်ဆင်လျက်ရှိရာ ဘုရား (၄)ဆူကို မိုးကြိုးလွှဲ တပ်ဆင်ပြီးဖြစ် (၄/၁၀/၂၀၂၄ – MRTV)

-ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရထားလမ်းနှင့်တံတားများ ထိခိုက်ပျက်စီးမှုများကို ပြန်လည်မွမ်းမံပြင်ဆင်ပြီးဖြစ်ပါ၍ လူစီးရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ် (၄/၁၀/၂၀၂၄ – MRTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.