Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည် (၄/၁၁/၂၀၂၄ – MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့
တက်ရောက်ချီးမြှင့် (၂/၁၁/၂၀၂၄ – MRTV)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်နှင့် တည်းခိုခန်း ဝန်ဆောင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အထူးအလေးထား ပူးပေါင်းပါဝင်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး (၄/၁၁/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက် (၄/၁၁/၂၀၂၄ – MOI)
-ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မိကျောင်းမွေးမြူရေးစခန်း ပြန်လည်ဖွင့်လှစ်ခဲ့ ပြီးနောက် လာရောက်လေ့လာသူများနှင့် စည်ကားလျက်ရှိ (၄/၁၁/၂၀၂၄ – MRTV)
-ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလဆန်း (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့များတွင် ကထိနကံဆောင် ကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ် (၄/၁၁/၂၀၂၄ – MRTV)
-တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို နိုဝင်ဘာလ (၅) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် (၄/၁၁/၂၀၂၄ – MRTV)
-ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး(၄/၁၁/၂၀၂၄ – MRTV)
-နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး (၄/၁၁/၂၀၂၄ – MRTV)
-ပြည်ပကဝယ်ယူမှုများပြားခြင်းကြောင့် မန္တလေးဈေးကွက်တွင် ကြက်သွန်ဖြူ အရောင်းအဝယ်ကောင်းမွန်လာ (၄/၁၁/၂၀၂၄ – MRTV)
-မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်လူနာများကို လူနာတင်ယာဉ်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ (၄/၁၁/၂၀၂၄ – MRTV)
-ရွှေစက်တော်ဘုရားပွဲရာသီတွင် ဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်နှင့် ရွှေသမင်များ လာရောက်ကြည့်ရှုလေ့လာနိုင် (၄/၁၁/၂၀၂၄ – MRTV)
-မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
(၄/၁၁/၂၀၂၄ – MRTV)
-ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့ နယ်ရှိ ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေအဖြစ် သတ်မှတ် (၄/၁၁/၂၀၂၄ – MRTV)
-Myanmar Football Academies Toumament 2024 ပြိုင်ပွဲကို နိုဝင်ဘာ(၂) ရက်မှစတင်၍ နိုဝင်ဘာ (၆)ရက်ထိ ရန်ကုန်မြို့တွင် ကျင်းပမည် (၄/၁၁/၂၀၂၄ – MRTV)
-လက်မှုလုပ်ငန်းသည် စက်ရုံကြီးများ၊ အလုပ်ရုံကြီးများကဲ့သို့ ရင်းနှီးငွေများစွာ မလိုအပ်ဘဲ သင့်တင့်ငွေကြေးနှင့် လည်ပတ်အောင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ် (၄/၁၁/၂၀၂၄ – MRTV)