Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-အမျိုးသားအားကစားပွဲတော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည် (၉/၁၁/၂၀၂၄ MOI)
– ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ အကုန်အထိ ယာဉ်မတော်တဆမှုပေါင်း ၁၇၄ မှုရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၂၅ ဦးနှင့် သေဆုံးသူ ၈၂ ဦးရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုဖြစ်ပွားခဲ့ (၉/၁၁/၂၀၂၄ MRTV)
-DEMU ရထားတွဲဆိုင်းသစ် ပဲခူး-ရန်ကုန် ခရီးစဉ်လိုက်ပါစီးနင်းသူ နေ့စဉ်ပုံမှန် ခရီးသည် ဦးရေ (၈၀၀)ကျော်ထိ လိုက်ပါစီးနင်း (၉/၁၁/၂၀၂၄ MRTV)
-၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄)ခုတွင် ပြည်တွင်းခရီးသွားဧည့်သည် (၇ ဒသမ ၄)သန်းရှိ (၉/၁၁/၂၀၂၄ MRTV)
-ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် CI ကိုင်ဆောင်ထားသူများအား ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးဆောင်ရွက်ပေးမည် (၉/၁၁/၂၀၂၄ MRTV)
-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကျင်းပ (၈/၁၁/၂၀၂၄ MOI)
-မန္တလေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း (၈/၁၁/၂၀၂၄ MOI)
-နိုင်ငံအတွင်း EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိ (၈/၁၁/၂၀၂၄ MRTV)
-အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများမှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ (၉/၁၁/၂၀၂၄ MRTV)
-၂၀၂၄ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၈)ရက်နေ့မှ စတင်ကာ (၂၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲစုစုပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲ စုစုပေါင်း (၁၆၀)တွဲနှင့် ကျောက်စိမ်းအနေဖြင့် အုပ်စု (A) (B) (C)သုံးခုခွဲကာ အတွဲပေါင်း (၄,၈၀၀)ကို ရောင်းချပေးသွားမည် (၉/၁၁/၂၀၂၄ MRTV)
-၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် (၉-၁၂-၂၀၂၄) ရက်နေ့မှ (၂၀-၁၂-၂၀၂၄) ရက်နေ့အထိ ကျင်းပမည် (၉/၁၁/၂၀၂၄ MRTV)
-ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွါး တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဒုတိယအကြိမ် တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၃ မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည် (၉/၁၁/၂၀၂၄ MRTV)
-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ မလေးရှားနိုင်ငံတွင် ကျင်းပသည့် မော်တော်ယာဥ် မတော်တဆမှုဖြစ်စဥ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် Best Team Leader ဆုဆွတ်ခူးခဲ့ပြီး ရန်ကုန်လေဆိပ်သို ပြန်လည်ရောက်ရှိ (၈/၁၁/၂၀၂၄ MRTV)
-ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ဘက်စုံလွှမ်းခြုံသော အစီအစဉ် (Master Plan) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၉/၁၁/၂၀၂၄ MOI)
-ပျဉ်းမနားမြို့နှင့် ရပ်စောက်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ (၈/၁၁/၂၀၂၄ MOI)
-မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “The 5th International Conference on Advanced Information Technologies(ICAIT 2024)”ကျင်းပ (၈/၁၁/၂၀၂၄ MOI)