Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ (၁၃/၁၁/၂၀၂၄ – MOI)
-နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ငြိမ်းချမ်းရေးတက္ကသိုလ်တို့ပူးပေါင်း၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာ သင်တန်းဖွင့် (၁၃/၁၁/၂၀၂၄ – MOI
-နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁)အပိုင်း(၃) သင်တန်းဆင်းပွဲ ကျင်းပ
(၁၃/၁၁/၂၀၂၄ – MOI)
-ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနပ်ပစ်အသင်း ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ (၁၃/၁၁/၂၀၂၄ – MOI)
-တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ် ဆက်လက်ကျင်းပ (၁၃/၁၁/၂၀၂၄ – MOI)
-AGROS 2025 Expo နှင့် POTATO HORTI AgriTech 2027 Expo ကုန်စည်ပြပွဲများသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင် (၁၃/၁၁/၂၀၂၄ – MOI)
-အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ဝိုင်းဝန်းထိန်းသိမ်းရမည် (၁၃/၁၁/၂၀၂၄ – MRTV)
-မင်းဘူးခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း(၁၂)လမ်းနှင့် တံတား(၁၈) စင်း တည်ဆောက်ပေးလျက်ရှိ (၁၃/၁၁/၂၀၂၄ – MRTV)
-၂၀၂၄ ခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ စားသောက်ကုန်သင်တန်း၊ လူသုံးကုန်သင်တန်း၊ လက်မှုအထည်သင်တန်းများကို ဧပြီလမှ အောက်တိုဘာလအထိ (၁၁)ကြိမ်လျာထားခဲ့ကာ ယခုအခါ (၈)ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီဖြစ် (၁၃/၁၁/၂၀၂၄ – MRTV)
-ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် အကြိမ်(၄၀)မြောက် မသိုးသင်္ကန်းရက်လုပ် ပြိုင်ပွဲနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တွင် (၂၄)ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲ ကျင်းပသွားမည်ဖြစ် (၁၃/၁၁/၂၀၂၄ – MRTV)
-အိမ်တွင်းမှုပညာရပ်ဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာစေပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း(၈)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်းတွင် သင်တန်းဖွင့်လှစ်မှု (၅)ကြိမ်ရှိပြီးဖြစ်ကာ သင်တန်းသားဦးရေ စုစုပေါင်း (၁၂၉၆)ဦးကို သင်ကြားပေးနိုင်ခဲ့ (၁၃/၁၁/၂၀၂၄ – MRTV)
-ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ (၁၂/၁၁/၂၀၂၄ – MRTV)
-မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းတို့ တွေ့ဆုံ
(၁၂/၁၁/၂၀၂၄ – MRTV)
-နေပြည်တော်တွင်ကျင်းပမည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် မွန်ပြည်နယ် ကိုယ်စားပြု အားကစားသမားများ အားကစားနည်း(၂၄)နည်းဖြင့် ဝင်ရောက်
ယှဉ်ပြိုင်မည် (၁၂/၁၁/၂၀၂၄ – MRTV)
-အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(၃/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကျင်းပ (၁၂/၁၁/၂၀၂၄ – MRTV)