Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့ထား (၂၂/၁၁/၂၀၂၄ -MRTV)
-(၇)လအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၂၆ ဒသမ ၀၈၁) သန်း ခွင့်ပြုခဲ့ (၂၂/၁၁/၂၀၂၄ -MRTV)
-မြန်မာနိုင်ငံသို့ လေကြောင်းနှင့် ဝင်ရောက်မည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်-မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ တစ်နှစ်စမ်းသပ်ခွင့်ပြု (၂၂/၁၁/၂၀၂၄ -MRTV)
-ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု (၂၂/၁၁/၂၀၂၄ – MOI)
-ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ (၂၂/၁၁/၂၀၂၄ – MOI)
-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေး စိစစ်ခြင်းအစည်းအဝေးသို့ တက်ရောက် (၂၂/၁၁/၂၀၂၄ – MOI)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (Clean and Green Schools) အကောင်အထည်ဖော်ရေးအတွက် ပံ့ပိုးငွေများ ပေးအပ် (၂၂/၁၁/၂၀၂၄ – MOI)
-မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင်ပြုပြင်မွမ်းမံလှူဒါန်းခြင်း အခမ်းအနားကို အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်တွင် ကျင်းပ (၂၁/၁၁/၂၀၂၄ -MRTV)
-မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် (၂၁/၁၁/၂၀၂၄ -MRTV)
-စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ (၂၁/၁၁/၂၀၂၄ -MRTV)
-(၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၁/၁၁/၂၀၂၄ -MRTV)
-ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများ ကျင်းပပြုလုပ် (၂၁/၁၁/၂၀၂၄ -MRTV)
-လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်
ဆိပ်ကမ်းသို့ ရောက်ရှိ (၂၁/၁၁/၂၀၂၄ -MRTV)