Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကြက်နှင့် ဝက်မွေးမြူရေးခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေး (၂၉/၁၁/၂၀၂၄ – MOI)
-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက် (၂၉/၁၁/၂၀၂၄ – MOI)
-မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူများနှင့် တွေ့ဆုံ (၂၉/၁၁/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ်များနှင့် သီးနှံအလိုက် အထွက်နှုန်းအများဆုံး ထွက်ရှိသည့် တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် (၂၉/၁၁/၂၀၂၄ – MOI)
-တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု/လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် (၂၉/၁၁/၂၀၂၄ – MOI)
-မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် Royal British International School က မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးနှင့် အားကစားထူးချွန်သူ ကျောင်းသား၊ ကျောင်းသူ အယောက်(၂၀)ကို ရွေးချယ်ပြီးကျောင်းတက်ခွင့် Scholarship ပညာသင်ဆု ပေးအပ်မည် (၂၉/၁၁/၂၀၂၄ – MRTV)
-မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
(၂၈/၁၁/၂၀၂၄ – MRTV)
-မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၄ ကို ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)တွင် (၃)ရက်တိုင်တိုင် ပြသလျက်ရှိ
(၂၈/၁၁/၂၀၂၄ – MRTV)
-ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ပထမဆုံးအကြိမ်အဖြစ် VAR စနစ်ကို အသုံးပြုသွားမည် (၂၈/၁၁/၂၀၂၄ – MRTV)
-ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိ (၂၈/၁၁/၂၀၂၄ – MRTV)