Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက် (၄/၁၂/၂၀၂၄ – MOI)
-၂၀၂၄ ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ညီလာခံကို ရန်ကုန်မြို့ရှိ Novotel Yangon Max တွင် ကျင်းပ (၄/၁၂/၂၀၂၄ – MRTV)
-မကွေးတိုင်းဒေသကြီး၊ ဂဲကြီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ (၆၀၀)အား သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် မြေသားသောက်ရေကန် တူးဖော်ခြင်း ဆောင်ရွက် (၄/၁၂/၂၀၂၄ – MRTV)
-မြန်မာအသင်း ယှဉ်ပြိုင်မည့် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဒီဇင်ဘာ (၉) ရက်တွင် ကျင်းပမည် (၄/၁၂/၂၀၂၄ – MRTV)
-ပြည်ပဈေးကွက်သို့ ရွှေပိတောက်ငါးဈေးကြီးမှ ရေထွက်ကုန်များ နေ့စဉ်တင်ပို့ လျက်ရှိ (၄/၁၂/၂၀၂၄ – MRTV)
-တာချီလိတ်မြို့နယ် နမ့်ပိန်းရွာမှာ သီးနှံများလွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိ
(၄/၁၂/၂၀၂၄ – MRTV)
-မြေဩဇာကော်မတီက လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာမှတ်ပုံတင် လက်မှတ်ပေါင်း (၇၁၁၆) စောင် စိစစ်၍ခွင့်ပြုခဲ့ (၄/၁၂/၂၀၂၄ – MRTV)
-မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာ သုတေသနညီလာခံ” ကျင်းပ (၃/၁၂/၂၀၂၄ – MOI)
-မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ (၃/၁၂/၂၀၂၄ – MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၃/၁၂/၂၀၂၄ – MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
(၃/၁၂/၂၀၂၄ – MOI)