Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်။ (၅/၁၂/၂၀၂၄ – MOI)

-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် (၅/၁၂/၂၀၂၄ – MOI)

-မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ (၅/၁၂/၂၀၂၄ – MRTV)

-မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာ မနောသုခ (၅) ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး (၅/၁၂/၂၀၂၄ – MOI)

-တောင်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းလျာထားချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၅/၁၂/၂၀၂၄ – MOI)

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း လှည့်လည်ကြည့်ရှု၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး (၅/၁၂/၂၀၂၄ – MOI)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်အား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် (၅/၁၂/၂၀၂၄ – MOI)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် (၅/၁၂/၂၀၂၄ – MOI)

-ဘားအံမြို့၌ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ (၅/၁၂/၂၀၂၄ – MOI)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၅/၁၂/၂၀၂၄ – MOI)

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ (၅/၁၂/၂၀၂၄ – MOI)

-ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် (၅/၁၂/၂၀၂၄ – MOI)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ ( ၄/၁၂/၂၀၂၄ – MRTV )

-သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးလက်စီးပွား မြင့်မားရေးထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်