Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၆/ ၂၀၂၄) တက်ရောက် (၆/၁၂/၂၀၂၄ – MOI)
-တိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတက်ရောက် (၆/၁၂/၂၀၂၄ – MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်ပြန်ပြည်သူများအား မျိုးသန့်မွေးမြူရေး တိရစ္ဆာန်များထောက်ပံ့ပေးအပ် (၆/၁၂/၂၀၂၄ – MOI)
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး (၆/၁၂/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ဆရာ/ဆရာမများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး (၆/၁၂/၂၀၂၄ – MOI)
-ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအား ကြည့်ရှုအားပေး (၆/၁၂/၂၀၂၄ – MOI)
-ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအားကစားအဖွဲ့များအား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားများအပ်နှင်းခြင်းနှင့် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ (၆/၁၂/၂၀၂၄ – MRTV)
-ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (၆/၁၂/၂၀၂၄ – MRTV)
-ဆေးတက္ကသိုလ်(၁) ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ(၆/၁၂/၂၀၂၄ – MRTV)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၅/၁၂/၂၀၂၄ – MOI)
-ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီများအား သွားရောက်ဖူးမြော် (၅/၁၂/၂၀၂၄ – MOI)
-အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံ (၅/၁၂/၂၀၂၄ – MOI)