Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ (၂၁/၁၂/၂၀၂၄ MOI)
-ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ OK ငွေလွှဲဆိုင်ဖွင့်ထားသူ တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ တရားခံအမျိုးသားခြောက်ဦးကို မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ (၂၁/၁၂/၂၀၂၄ MOI)
-ချမ်းမြသာစည်မြို့နယ်၌ ဆရာဝန်တစ်ဦးကိုပြန်ပေးဆွဲ၍ ခြောက်လှန့်ငွေတောင်းခံရာမှ ဆရာဝန်သေဆုံး ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ (၂၁/၁၂/၂၀၂၄ MOI)
-ဓါတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူများ အနေဖြင့်၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ရက် မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့ အထိ ၃လတာကာလအတွင်း လုပ်ငန်းလိုင်စင်အပြီး လျှောက်ထားရမည် (၂၁/၁၂/၂၀၂၄ MRTV)
-၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ မီးလောင်ကျွမ်းမှု အကြိမ်ရေ (၁၀၀၀)ကျော် ကျော်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွား (၂၁/၁၂/၂၀၂၄ MRTV)
-တရုတ်နိုင်ငံထုတ် YUTONG T13E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ (၂၁/၁၂/၂၀၂၄ MRTV)
-မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးလျှောက်ထားသူများ၏ နိုင်ငံကူးလက်မှတ် ရရှိသူများစာရင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကကြေညာထားပြီး လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဟုဆို (၂၁/၁၂/၂၀၂၄ MRTV)
-ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၃ သန်းဖိုး တင်ပို့ထား (၂၁/၁၂/၂၀၂၄ MRTV)
-၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ (၂၁/၁၂/၂၀၂၄ MRTV)
-ပင်လယ်လိပ်နှင့် အဏ္ဏဝါသက်ရှိမျိုးစိတ်များ မျိုးသုဉ်းမပျောက်ရန်အတွက် ပလတ်စတစ်ကို လျှော့ပေါ့ သုံးစွဲပြီး စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည် (၂၁/၁၂/၂၀၂၄ MRTV)
-နိုင်ငံအတွင်း EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိ (၂၁/၁၂/၂၀၂၄ MRTV)
-ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၀၂) နေရာအထိ သတ်မှတ်ထား (၂၁/၁၂/၂၀၂၄ MRTV)
-မန်းရွှေစက်တော်ဘုရားကြီး၏၂၀၂၅ ခုနှစ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်နေ့အထိ အစဉ်အလာမပျက် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ (၂၁/၁၂/၂၀၂၄ MRTV)
-မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီစိုက်ဧက လေးသောင်း စိုက်ပျိုးထားပြီး ကော်ဖီခူးဆွတ်ရာသီ အစဖြစ်လာပြီဖြစ်သည့်အတွက် ဝယ်ယူသူများပြားလာပြီး ကော်ဖီစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိ (၂၀/၁၂/၂၀၂၄ MRTV)
-အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမား (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို စေလွှတ်ခွင့်ပြုခဲ့ (၂၀/၁၂/၂၀၂၄ MRTV)