Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို ကျေးရွာ(၅၀)တွင် ဆောင်ရွက်လျက်ရှိ(၂၀/၁၂/၂၀၂၄ – MRTV)
-မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီစိုက်ဧက လေးသောင်း စိုက်ပျိုးထားပြီး ကော်ဖီခူးဆွတ်ရာသီအစဖြစ်လာပြီဖြစ်သည့်အတွက် ဝယ်ယူသူများပြားလာပြီး ကော်ဖီစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိ (၂၀/၁၂/၂၀၂၄ – MRTV)
-မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းကာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့ အထိမ်းအမှတ် အသိပညာပြန့်ပွားရေးဆောင်ရွက် (၂၀/၁၂/၂၀၂၄ – MRTV)
-စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကျေးရွာတွင်းလမ်း (၇)လမ်း၊ အရှည်ပေ(၄၀၀၀)ကျော်ကို ငွေကျပ်သိန်း(၈၀)ကျော် အကုန်အကျခံပြီး ကိုယ်ထူကိုယ်ထ မြေသားခင်းခြင်း လုပ်ငန်းဆောင်ရွက် (၂၀/၁၂/၂၀၂၄ – MRTV)
-အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမား (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ (၂၀/၁၂/၂၀၂၄ – MRTV)
-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ကုန်စည်ဒိုင်အဖွဲ့ဝင်များ၊ ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးများ တက်ရောက်(၂၀/၁၂/၂၀၂၄ -MOI )
-ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန်လူကူးသံကူကွန်ကရစ်တံတားတည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု (၁၉/၁၂/၂၀၂၄ – MRTV)
-ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်(၁၉/၁၂/၂၀၂၄ – MRTV)