Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လာရောက်ကြည့်ရှု (၂၄/၁၂/၂၀၂၄ – MOI)

-ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်တတိယမြောက်အရောင်းစင်တာ တောင်ငူမြို့၌ ဖွင့်လှစ် (၂၄/၁၂/၂၀၂၄ – MOI)

-တောင်ငူမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ (၂၄/၁၂/၂၀၂၄ – MOI)

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း လမ်းမကြီးများအား လမ်းမကြီးများဥပဒေနှင့်အညီ ဖြစ်တည်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၄/၁၂/၂၀၂၄ – MOI)

-ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဘဏ္ဍာနှစ်(၁)နှစ်လျှင် ဝင်ငွေတိုးစီမံကိန်း သင်တန်း(၃၂)ကြိမ်နှင့် အသက်မွေးဝမ်းကျောင်း ကာလတို သင်တန်း(၁၈)ကြိမ် လျာထားပြီး ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ (၂၄/၁၂/၂၀၂၄- MRTV)

-မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် Me & Gems တို့ပူးပေါင်း၍ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင် အားကစားခန်းမတွင် Me & Gems Badminton Junior Championships(2024) ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ (၂၄/၁၂/၂၀၂၄- MRTV)

-မကွေးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းတံတား လုပ်ငန်း(၂၀)ခု အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ (၂၄/၁၂/၂၀၂၄- MRTV)

-ချောင်းဆုံမြို့နယ်တွင် ရော်ဘာပြားများ ဈေးကောင်းရ၍ တစ်ပိုင်တစ်နိုင်ရော်ဘာလုပ်ငန်းရှင်များ အဆင်ပြေနေ (၂၄/၁၂/၂၀၂၄- MRTV)