Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၂၇/၁၂/၂၀၂၄ – MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲသို့ တက်ရောက် (၂၇/၁၂/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဆောင်းသီးနှံ အပြည့်အဝ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၇/၁၂/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများအား SOP နှင့်အညီ ရှင်းလင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၇/၁၂/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ကြက်သွန်များ စိုက်ပျိုးနေကြပြီဖြစ်ပြီး အများအားဖြင့် ရွှေဖလားထိပ်မောက်မျိုးကို စိုက်ပျိုးကြကာ လက်ရှိအချိန် အထိ (၇၆၅၅) ဧက စိုက်ပျိုးပြီးကြောင်းသိရ (၂၇/၁၂/၂၀၂၄ – MRTV)
-မြန်မာ-ထိုင်း-လာအို-တရုတ် (၄)နိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးမှုများ ရရှိစေရန်နှင့် မဲခေါင်မြစ်ကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ယုံကြည်မှုပြည့်ဝစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ (၄)နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ ကျင်းပ (၂၇/၁၂/၂၀၂၄ – MRTV)
-ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ (၂၇/၁၂/၂၀၂၄ – MRTV)
-မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်နှင့် Me & Gems တို့ပူးပေါင်း၍ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် Me & Gems Badminton Junior Championships 2024 ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ (၂၇/၁၂/၂၀၂၄ – MRTV)
-ကချင်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်နှင့် ကျောက်နဂါးအား ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး (၂၇/၁၂/၂၀၂၄ – MRTV)