Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် (၂၉/၁၂/၂၀၂၄ – MOI)
-ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ – လင်ကွင်း – ထီရီ(မွေးမြူရေးဇုန်) – ရွှေညောင်တည်ဆောက်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး (၂၉/၁၂/၂၀၂၄ – MOI)
-၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများနှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ (၂၉/၁၂/၂၀၂၄ – MOI)
-မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်)လူထုစုပေါင်း လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ (၂၉/၁၂/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ (၂၉/၁၂/၂၀၂၄ – MOI)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ရန်ကြီးအောင် နံနက်ဈေးအတွင်း သက်သာချောင်ချိရေးဈေးရောင်းပွဲအား ကြည့်ရှုအားပေး (၂၉/၁၂/၂၀၂၄ – MOI)
-ညောင်တုန်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ (၂၉/၁၂/၂၀၂၄ – MOI)
-ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ (၂၉/၁၂/၂၀၂၄ – MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများ ကြည့်ရှု စစ်ဆေး (၂၉/၁၂/၂၀၂၄ – MOI)
-ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်း လမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ အ.ထ.က(၁)ပုသိမ် နှစ်(၁၀၀)ပြည့် အခမ်းအနားတက်ရောက် (၂၉/၁၂/၂၀၂၄ – MOI)
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် (၂၉/၁၂/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု (၂၉/၁၂/၂၀၂၄ – MOI)
-သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးကျောင်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းနှင့် BOKASHI MYANMAR တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး သင်တန်း ဖွင့်လှစ်(၂၉/၁၂/၂၀၂၄ – MRTV)
-ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ(၂၉/၁၂/၂၀၂၄ – MRTV)