Connect with us

Myanmar

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE များအားတွေ့ရစဉ် ( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmarက ယနေ့ (မတ် ၁၉ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် YANG FOND အမျိုးအစား မော်တော်ယာဉ် နှစ်စီးကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ်နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.