Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၅၈၅ ဦး သေဆုံးပြီး ၁,၅၀၀ကျော် ဒဏ်ရာရရှိ

ယခုနှစ်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွါးမှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ယာဉ်မတော်တဆမှု ၁,၁၀၅ မှု ဖြစ်ပွါးခဲ့ပြီး လူ ၅၈၅ ဦး သေဆုံးကာ ၁,၅၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွါးမှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ယာဉ်မတော်တဆမှု ၁၂၆၃မှုတွင် သေဆုံးသူ ၆၇၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇၁၁ဦး ရှိခဲ့ကြောင်း
သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးသည် ယာဉ်မတော်တဆမှု ကြောင့် လူ သေဆုံးမှု ၁၀၂ မှုဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးတွင် ၈၇ မှု နှင့် ရှမ်းပြည်နယ်တွင် ၈၁ မှု အသီးသီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ထိုကာလအတွင်း ယာဉ်မတော်တဆမှု ၃၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ယာဉ်မတော်တဆမှုပေါင်း 4,772 မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၂၄၄၂ ဦးသေဆုံးကာ ၆၅၈၃ ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.