Myanmar
မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများကို Facebook စာမျက်နှာများတွင် ရောင်းဝယ်သည့်လုပ်ငန်း (၁၆) ခုကို အရေးယူ

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ Facebook စာမျက်နှာများပေါ်တွင် နိုင်ငံခြားငွေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်းလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည့် လုပ်ငန်း (၁၆) ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မေ ၂၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အရေးယူခံရသည့် လုပ်ငန်းများသည် ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ် လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing ၊ Htet Yan Money Exchange ၊ Global Value Services -GVS Money Exchange and Transfer ၊ Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊ Nay Myo Htet (Facebook Page) ၊ Gold Market Myan mar (Face book Page) ၊ Ye Mon၊ Naing Lu စသည့် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ယင်း အဖွဲ့အစည်းများနှင့် ပါဝင်ရောင်းဝယ်သူများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၈) နှင့် (၄၂) တို့အပြင် အများပြည်သူထိခိုက်စေသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)