Connect with us

Myanmar

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ် တွင် မြန်မာအသင်းက ဂျပန်အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာလက်ရွေးစင် အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ် မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်၊ အုပ်စုပွဲစဉ် အဖြစ် အိမ်ရှင်မြန်မာလက်ရွေးစင် အသင်းနှင့် ဂျပန်လက်ရွေးစင် အသင်းတို့ ဇွန် ၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန် အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဇွန် ၁၁ ရက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် လာအိုနိုင်ငံ၌ မြောက်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(Xinhua)