Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုကြောင့် လူ ၈ ဦး ပျောက်ဆုံး

မြန်မာနိုင်ငံ ရန်ကုန်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှု ဖြစ်ပွားပြီး ပျောက်ဆုံးသူများကို ကယ်ဆယ်ရေး သမားများက ရှာဖွေနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရာဆိပ်ကမ်းမှ ရေမိုင် (၅) ဖာလုံခန့်အကွာတွင် လှိုင်မြစ်အတွင်း ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက်ပိုင်း တွင် သမ္ဗန်တစ်စင်းတိမ်းမှောက်မှုကြောင့် လူ ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါသမ္ဗန်တစ်စင်းသည် ရပ်ထားသောတွဲသင်္ဘောတစ်စင်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကာ သမ္ဗန်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက် ကျောင်းသား ၃ ဦးအပါအဝင် ၈ ဦးပျောက်ဆုံးနေကြောင်း ရောင်စဉ်မဲ့လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

“ဆိပ်ကြီးခနောင်တိုကနေ ဗားကရာဘက်ကို ကူးလာရင်း တိုက်မိတာ၊ ၁၆ယောက်ပါတယ် အဲဒီသမ္မန်ပေါ် ၈ ယောက် ကယ်ထားနိုင်တယ် ၊ ကျောင်းသားလေးအချို့တော့ ပြန်ကယ်နိုင်တယ်၊ ၈ယောက်ပျောက်နေတယ်၊ အဲဒီထဲ ကျောင်းသားတွေပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့် ပရဟိတအသင်းအချို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေလျရှိကြောင်း သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.