Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံအလယ်ပိုင်း အမရပူရမြို့နယ်ရှိ မြစ်ကမ်းဘေးလုပ်ငန်းခွင်တာပေါက်ပြီး လူ ၇ ဦး ပျောက်ဆုံး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တာပေါက်မှုအပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေးအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တာပေါက်မှု ဖြစ်ပွားပြီးနောက် လုပ်သား ၇ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်သည် ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီခွဲဝန်းကျင်၌ အမရပူရမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းခွင်တာပေါက်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မြစ်ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လုပ်သား ၇ ဦး ပျောက်ဆုံးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းသို့သာ မြစ်ရေ ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး လူနေထိုင်ရာကျေးရွာများသို့ ဝင်ရောက်ခြင်း မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တို့ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)


………………………..
(English Version)
7 missing after water barrier breach in central Myanmar
YANGON, July 14 (Xinhua) — Seven construction workers are missing after a water barrier breach at a construction site near the Ayeyarwady River banks in central Myanmar’s Mandalay Region, an official from the Myanmar Rescue Organization told Xinhua on Sunday.
The incident occurred in Amarapura Township of Mandalay around 8.30 a.m. local time on Sunday.
When the water barrier broke and the river flooded the construction site, seven workers went missing as a result, he said.
The river water only overflowed the construction site and did not reach the villages, he added.
Rescue efforts are underway with the Myanmar Rescue Organization and Myanmar Fire Services Department working together, the official said. Enditem