Connect with us

Myanmar

မြန်မာနိုင်ငံ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေက အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု ၌ ကြေးတံဆိပ်ဆုရ

မြန်မာနိုင်ငံ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများအား တွေ့ရစဉ်

ရန်ကုန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပုဂံရှေးဟာင်းယဉ်ကျေးမှုနယ်မြေသည် အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke-Free Award)ဆု အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဩဂုတ် ၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆုပေးပွဲတွင် ကြေးတံဆိပ်ဆုကို ထိုင်းနိုင်ငံ Saensuk မြူနီစီပယ်နှင့် မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့က ပူးတွဲရရှိခဲ့ကြောင်း သိရသည်။

ASEAN Smoke-Free Award ၏ ရွှေတံဆိပ်ကို ဖိလစ်ပိုင်နိုင်ငံ Iloilo မြို့၊ ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားနိုင်ငံ ဘိုဂိုမြို နှင့် နှစ်သိမ့်ဆုကို လာအိုနိုင်ငံ လွမ်ပရာဘန်းက ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုများကို လာအိုနိုင်ငံ ဗီယင်ကျန်း၌ သြဂုတ် ၈ ရက်တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် အာဆီယံ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးတွင် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)