Connect with us

Myanmar

မြန်မာနိုင်ငံ နောင်ချိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နောင်ချိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃,၅၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရှိ နေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်း မြေကျင်းတူး၍ မြှုပ်နှံထားသည့် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃,၅၀၀ ကီလိုဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၈၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)