Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်အတွက် ပြည်တွင်းသတင်း ကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး (၁၃.၉.၂၀၂၄ MOI)
-ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီး/ရေလျှံမှုများ ကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေး ကဏ္ဍ၏ လူမှုအကျိုးပြုလုပ်ငန်း Corporate Social Responsibility (CSR) အဖြစ် ကူညီပံပိုးဆောင်ရွက် ပေးသွားမည် (၁၃.၉.၂၀၂၄ MOI)
-၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများကို စနစ်တကျစိစစ်၍ အမှန်တကယ်လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် စီမံဆောင်ရွက်သွားကြရမည် (၁၄.၉.၂၀၂၄ MOI)
-ရမည်းသင်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့လှူဒါန်း (၁၄.၉.၂၀၂၄ MOI)
-မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ရောက်ရှိပြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား (၁၄.၉.၂၀၂၄ MOI)
-ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး တောင်ကြီးမြို့အတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး (၁၄.၉.၂၀၂၄ MOI)
-ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ် (၁၄.၉.၂၀၂၄ MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက် သည့် နေရာများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး (၁၄.၉.၂၀၂၄ MOI)