Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် လူ ၂၆၈ ဦး သေဆုံးပြီး ၈၈ ဦးပျောက်ဆုံး

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၅၆ မြို့နယ်တွင် လူ ၂၆၈ ဦး သေဆုံးပြီး ၈၈ ဦးပျောက်ဆုံးနေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးကြောင့် သေဆုံးခဲ့သည့် ပြည်သူတစ်ဦးလျှင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ၅သိန်းကျပ်နှင့် လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ် စုစုပေါင်း ၈ သိန်းကျပ်ကို ကျန်ရစ်သူမိသားစုများထံ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း သီးခြား ထောက်ပံ့ငွေများ ပေးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းရေကြီးရေလျှံမှုကြောင့် ထိခိုက်ဒဏ်ရာခံစားရမှုအခြေအနေနှင့် အိုးအိမ်ပျက်စီးမှုအခြေအနေများပေါ် မူတည်ပြီး ဆက်လက်ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ် တို့တွင် အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်များထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာနအဆောက်အဦ ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦ၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေး တိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.