Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

–တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် ပိုမိုအားကောင်းလာနိုင် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိနိုင် (၁၉/၉/၂၀၂၄ MRTV)
–ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပျက်စီးမှုအနည်း/အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး (၆)လတာ ကာလအတွင်းပြီးစီးစေရေး ဆောင်ရွက်သွားမည် (၁၉/၉/၂၀၂၄ MRTV)
–အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်များ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် (၁၈/၉/၂၀၂၄ MRTV)
–ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှ (၂၄)နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိ (၁၈/၉/၂၀၂၄ MRTV)
–မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်သော သီးနှံစိုက်ဧရိယာများ၌ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက် (၁၈/၉/၂၀၂၄ MOI)
–ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်ပြည်သူများကအလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း (၁၈/၉/၂၀၂၄ MOI)
–ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း (၁၈/၉/၂၀၂၄ MOI)
–ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ (၁၈/၉/၂၀၂၄ MOI)
–လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်မြို့သို့ရောက်ရှိ (၁၈/၉/၂၀၂၄ MDN)
–ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို (၁၈/၉/၂၀၂၄ MOI)