Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTTER) အစီအစဉ်မှာ အရန်ဆန် (၁,၀၀၂ ဒသမ ၇၁)တန်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး (၄)ခုတို့တွင် လှူဒါန်းသွားမည် (၂၅/၉/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ The Fifth Plenary Meeting of the Global Operational Network of Anti – Corruption Law Enforcement Authorities (GlobE Network) သို့ တက်ရောက် ( ၂၅/၉/၂၀၂၄ – MN)

-အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းနည်းပညာပေးသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိ ( ၂၅/၉/၂၀၂၄ – MRTV )

-ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များမှ ပထမအကြိမ်အဖြစ် ရက်(၉၀) မျိုးစပါးနှင့် သီးထပ်ရင် မျိုးစပါး စုစုပေါင်းတင်းပေါင်း(၁၆၀၀၀)ကျော် ထောက်ပံ့ပေးအပ် ( ၂၅/၉/၂၀၂၄ – MRTV )

-ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ (၂၅/၉/၂၀၂၄ – MOI )

-ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြိုကျ၊ ပျက်စီးမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု (၂၅/၉/၂၀၂၄ – MOI )

-တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက် (၂၅/၉/၂၀၂၄ – MOI )

-ကော့ကရိတ်မြို့၌ သန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသားများက လက်တွေ့ကွင်းဆင်း ကောက်ယူ ( ၂၅/၉/၂၀၂၄ – MRTV )