Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် (၂၆/၉/၂၀၂၄ – Myanma Alinn)

-ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ မောင်စိုင်းဇော်ထိုက်သည် ဇူလိုင် (၃၀)ရက်နေ့ နံနက်ပိုင်းက ‌ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ပြန်လည်‌ဆက်ပေးသည့် ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ‌ဆောင်ရွက်ပေးနိုင်ခဲ့ (၂၆/၉/၂၀၂၄ – MOI )

-ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်းဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ (၂၆/၉/၂၀၂၄ – MOI )

-မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် မသန်စွမ်းသူဦးရေ (၄၇,၀၀၀)ကျော်ကို ငွေကျပ်သန်းပေါင်း (၁,၄၂၀)ကျော်ထောက်ပံ့ (၂၆/၉/၂၀၂၄ – MRTV )

-အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေးအာမခံမှု(QA)ဆိုင်ရာ ပထမအကြိမ်အစည်းအဝေးကျင်းပ ပ် (၂၆/၉/၂၀၂၄ -Myanma Alinn)

-အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အသိပညာမျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ ပ် (၂၆/၉/၂၀၂၄ – Myanma Alinn)
-ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့် တခြားအမှိုက်များစွန့်ပစ်ခြင်း ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် (၂၆/၉/၂၀၂၄ – MRTV )

-ရှမ်းပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် နုန်းမြေဖုံးလွှမ်းမှုမရှိသည့်နေရာများတွင် သီးနှံများ ဆောလျင်စွာ ပြန်လည်စိုက်ပျိုးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည် (၂၆/၉/၂၀၂၄ – MRTV )

-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာဆိုဖီအန်ရှာအိမ်အား အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အယ်လ်ဂျီးရီးယားအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ် (၂၆/၉/၂၀၂၄ – MRTV )

-ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်လုပ်ကွက်များတွင် လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အသိပေးကြေညာချက် ထုတ်ပြန် (၂၆/၉/၂၀၂၄ – MRTV )

-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများအား Telematics စနစ်စက်များ တပ်ဆင်ခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လ(၁၆)ရက်နေ့မှ အောက်တိုဘာလ၊ (၁၅)ရက်နေ့အထိ ပညာပေးကာလ ရက်ပေါင်း(၁၂၀) သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၂၄)ရက်နေ့အထိ မော်တော်ယာဉ်လိုင်း(၃၅)လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်ကြီး စုစုပေါင်း(၂၂၉)စီးကို တပ်ဆင်ခဲ့ပြီးဖြစ် (၂၆/၉/၂၀၂၄ – MRTV )