Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်
(၂၇/၉/၂၀၂၄ -MOI)

-မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းနှင့် ရန်ကုန်-သာစည် ရထားလမ်းပိုင်းများ ပြေးဆွဲ ပေးလျက်ရှိ (၂၇/၉/၂၀၂၄ -MOI)

-ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ သြဂုတ်လကုန်အထိ ပြည်ပကို ငါးတင်ပို့မှုအနေဖြင့် မတ်ထရစ်တန် (၁)သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၁၄၀)နီးပါး ရရှိထား (၂၇/၉/၂၀၂၄ -MRTV)

-(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် အတွင်း အသေးစား စက်မှုလက်မှု လုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ်ငန်းမှတ်ပုံတင်ပေးမည် (၂၇/၉/၂၀၂၄ -MRTV)

-(၂၁) ကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း (၈၄)ခန်း ပါဝင်ပြသ (၂၇/၉/၂၀၂၄ -MRTV)

-တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာအသိပညာပေးဆွေးနွေးပွဲများ ကျင်းပ (၂၇/၉/၂၀၂၄ -MOI)

-အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၂၇/၉/၂၀၂၄ -MOI)

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများအတွင်း တင်ကျန်နေသော သဲ၊ နုန်းများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု၊ လမ်းများ၊ ရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား (၂၇/၉/၂၀၂၄ -MOI)

-မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းစဉ်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ (၂၇/၉/၂၀၂၄ -MRTV)

-(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ရောက်ရှိ (၂၇/၉/၂၀၂၄ -MRTV)

-မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းနှင့် ရန်ကုန်-သာစည် ရထားလမ်းပိုင်းများ ပြေးဆွဲပေးလျက်ရှိ (၂၇/၉/၂၀၂၄ -MRTV)

-သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ”Care Giver”သင်တန်းကို (၁)နှစ်တွင်(၂)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ (၂၇/၉/၂၀၂၄ -MRTV)

-ကလေးအလုပ်သမား တိုးပွားလာမှု မရှိစေရေး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဆိုင်ရာ ဘက်ပေါင်းစုံမှလည်း လူမှုအကာအကွယ်ပေးနိုင်ရန် လိုအပ် (၂၇/၉/၂၀၂၄ -MRTV)

-ရေတာရှည်မြို့နယ်၌ ရေဘေးသင့်ကျေးရွာများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး (၂၇/၉/၂၀၂၄ -MOI)