Connect with us

Myanmar

မြန်မာနိုင်ငံ၌ တောင်ကြီး မီးပုံးပျံပွဲတော်ကို အောက်တိုဘာလကုန်ပိုင်းတွင် ကျင်းပမည်

၂၀၂၄ ခုနှစ်အတွင်း ကျင်းပခဲ့သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး အားတွေ့ရစဉ် (ဓာတ်ပုံ- MWD)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါ ပွဲစီစဉ်သူများက အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

“မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်ထိ ခုနစ်ရက်ကြာ ကျင်းပမယ်၊ ဆုပေးပွဲကိုတော့ နိုဝင်ဘာ ၅ ရက် လုပ်မယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော အဆိုပါ မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ အဝေရာကွင်းတွင် ပြုလုပ်မည်ဟု ၎င်းက ဆိုသည်။

“မီးပုံးပျံပြိုင်ပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ရိုးရာဓလေ့ကို ထိန်းသိမ်းဖို့ပါပဲ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအရုပ်အုပ်စု မီးပုံးပျံများနှင့် ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

၂၀၂၄ ခုနှစ်အတွင်း ကျင်းပခဲ့သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး အားတွေ့ရစဉ် (ဓာတ်ပုံ- MWD)