Myanmar
မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း တရားမဝင်သစ် ၈၂ တန်ကျော် ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း တရားမဝင်သစ် ၈၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နိုဝင်ဘာ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို အာဏာပိုင်အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အတွင်း ကျွန်းသစ် ၁၆.၇၉ တန်၊ သစ်မာ ၉.၄၄ တန်နှင့် အခြားသစ်အမျိုးအစား ၅၆.၀၄ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုနှင့်အတူ ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို တရားစွဲဆိုခဲ့ပြီး ယာဉ် ၉ စီးနှင့် စက်ယန္တရားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)
