Myanmar
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်ထိ ထပ်တိုးဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လိုအပ်သော ပြည်သူများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် အဆင့် (၃) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၈ရက်တွင်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးလည်း ပန်းခင်းစီမံချက်အဆင့် ၃ ကို ဒီဇင်ဘာ ၂၆ ရက်အထိ ရက်တိုးဆောင်ရွက်မယ်ဆိုတာပြောခဲ့ပါတယ်။ ပန်းခင်းစီမံချက်အဆင့် ၃ ကို အရင်က အောက်တိုဘာ ၃၁ ရက်အထိ လျာထားခဲ့ပေမယ့် ရက်ထပ်တိုးလိုက်တာပါ” ဟု ၎င်းတာဝန်ရှိသူကပြောသည်။
ဝေးလံခေါင်ဖျားသော ဒေသနေပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရန် ကျန်ရှိနေသူများရှိသည့်အတွက် ပန်းခင်းစီမံချက်ကို အချိန်တိုးပြီး နယ်မြေကွင်းဆင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
