Myanmar
မြန်မာ့ပင်လယ်ပြင်တွင် ရေပြင်၊ ဝေဟင် လေ့ကျင့်ပစ်ခတ်မှုများ ပြုရန်ရှိသောကြောင့် ရေကြောင်း၊ လေကြောင်း သတိပေးချက်ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာ့ပင်လယ်ပြင်တွင် ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိ ရေပြင်၊ ဝေဟင် လက်နက်လေ့ကျင့်ပစ်ခတ်မှုများ ဆောင်ရွက်ရန်ရှိသောကြောင့် ရေကြောင်း၊ လေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း နိုဝင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း နေ့စဉ်သတင်းစာ၌ ဖော်ပြထားသည်။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောက်ဂျီတွဒ် ၉၃ ဒီဂရီ ၅၈ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၈ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၈ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၈ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြပါရှိသည်။
ထို့ကြောင့် လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင် ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက်ဖြတ်ကျော် ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ (Xinhua)
