Myanmar
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-တနင်္သာရီတိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ပျိုးမှုအနေဖြင့် ဧက(၈၀၀၀) ကျော်လျာထားခဲ့ပြီး (၁၀၀၀)ကျော် စိုက်ပျိုးပြီးစီး (၁၄/၁/၂၀၂၅ – MRTV)
-အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိကထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် စက်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ခဲ့ပြီး ကျန်ရှိသော အလုပ်ရုံ အကြီးများဖြစ်သည့် အလုပ်ရုံ(၃)ရုံအား အခြားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိ (၁၄/၁/၂၀၂၅ – MRTV)
-ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ခြောက်ထောင်ကျော် တင်ပို့နိုင်ခဲ့ (၁၄/၁/၂၀၂၅ – MRTV)
-ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၉ နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပသွားမည် (၁၄/၁/၂၀၂၅ – MRTV)
-ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး (၁၄/၁/၂၀၂၅ – MOI)
-မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၁၄/၁/၂၀၂၅ – MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ (၁၄/၁/၂၀၂၅ – MOI)
-မြိတ်မြို့၌ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်း သဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၁၄/၁/၂၀၂၅ – MOI)
-သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ (၁၄/၁/၂၀၂၅ – MOI)