Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်မည် (၁၅/၁/၂၀၂၅ – MOI)

-မန္တ‌လေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ကျောက်ဆည်ခရိုင်၊တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓာတ်သတ္ထု(ရွှေ)ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံ (၁၅/၁/၂၀၂၅ – MOI)

-ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ (၁၅/၁/၂၀၂၅ – MOI)

-မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် (၁၅/၁/၂၀၂၅ – MOI)

-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် (၁၅/၁/၂၀၂၅ – MOI)

-မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသည့် ဘဲ မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေး (၁၅/၁/၂၀၂၅ – MOI)

-ပဲခူးမြို့ ရေဘေးကာကွယ်ရေးအတွက် ပန်းလှိုင်-ပုဏ္ဏားစု တာမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၁၅/၁/၂၀၂၅- MRTV)

-အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စု(D) ဇန်နဝါရီလ (၁၅)ရက်တွင် စတင်မည်ဖြစ်ပြီး တရုတ်(တိုင်ပေ)-မကာအို၊ မြန်မာ-ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားမည် (၁၅/၁/၂၀၂၅- MRTV)

-မင်းဘူး-အမ်း-စစ်တွေလမ်းအား လမ်းအကျယ်တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာလျက်ရှိ (၁၅/၁/၂၀၂၅- MRTV)

-မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အား သွားရောက်လည်ပတ်နိုင်မည့် ပထမဆုံး ခရီးသွားပတ်လမ်းကြောင်း ဖော်ဆောင်လျက်ရှိ (၁၅/၁/၂၀၂၅- MRTV)

-မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း (၂)ခု ဆောင်ရွက်လျက်ရှိ (၁၅/၁/၂၀၂၅- MRTV)