Connect with us

Education & Health

မြန်မာနိုင်ငံ နေပြည်တော်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူတစ်ဦးအား ဆုချီးမြှင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်ရှိသော ဦးတည်အုပ်စုဝင်များအတွက် ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်းမြင့်မားသည့် ဦးတည်အုပ်စုဝင်များ ပိုမိုလက်လှမ်းမီနိုင်ရန် လူထုအခြေပြု အိပ်ခ်ျအိုင်ဗွီပဏာမ စစ်ဆေးခြင်းနှင့် အိပ်ချ်အိုင်ဗွီရှိ/မရှိ မိမိကိုယ်တိုင် ပဏာမသွေးစစ်ဆေးခြင်းများကိုလည်း ဦးတည်အုပ်စုဝင်များအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုနှစ် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်မှာ “Overcoming disruption, transforming the AIDS response” “AIDS ရောဂါ တိုက်ဖျက်ဖို့ အခက်အခဲများကို ဖြေရှင်းလို့ အတူပူးပေါင်းဆောင်ရွက်စို့” ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.