Connect with us

Myanmar

(၃၃) ကြိမ်မြောက် အ‌‌ရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ခြင်းလုံးအားကစားဖြင့် ‌ရွှေတံဆိပ်ဆုရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းကို ယှဉ်ပြိုင်နေသည့် မြန်မာအသင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ၌ မြန်မာ့ခြင်းလုံးအားကစားဖြင့် မြန်မာအမျိုးသားနှင့် အမျိုးသမီး ခြင်းလုံးအသင်းတို့က ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar က သတင်းဖော်ပြထားသည်။
မြန်မာအမျိုးသမီးခြင်းလုံးအသင်းက အိမ်ရှင် ထိုင်းအသင်းကို ၅၀၂-၄၄၆ မှတ်ဖြင့် အနိုင်ယူကာ ခြင်းလုံးအားကစားဖြင့် မြန်မာ့ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာခြင်းလုံးအမျိုးသားအသင်းကလည်း အိမ်ရှင်ထိုင်းအသင်းကို ၅၇၄-၄၄၆ မှတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၀ ရက် ပြိုင်ပွဲတွေအထိ မြန်မာ ကိုယ်စားပြုအသင်းဟာ ခြင်းလုံးအားကစားဖြင့် ရွှေတံဆိပ် ၂ ခုရရှိခဲ့ပြီး အခြားအားကစားနည်းများဖြစ်သော ပိုက်ကျော်ခြင်း၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒိုနှင့် ခရစ်ကတ် စသည့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)