Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲကျင်းပ (၂၂/၁/၂၀၂၅ – MOI)

-ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများကြည့်ရှုစစ်ဆေး (၂၂/၁/၂၀၂၅ – MOI)

-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် (၂၂/၁/၂၀၂၅ – MOI)

-ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ (ဒုတိယနေ့)ကျင်းပ (၂၂/၁/၂၀၂၅ – MRTV)

-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ လဟယ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ (၂၂/၁/၂၀၂၅ – MRTV)

-ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ (၁ဝ-၂-၂ဝ၂၅ မှ ၁၄-၂-၂ဝ၂၅) ရက်အထိ တပေါင်းကွင်း၊ နေပြည်တော်တွင် ကျင်းပမည် (၂၂/၁/၂၀၂၅ – MRTV)

-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ တင်ပြခြင်းအစည်းအဝေးသို့တက်ရောက် (၂၂/၁/၂၀၂၅ – MOI)

-ကြံခင်း-ဘက်ရဲလမ်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄၈)သန်းဖြင့် ကတ္တရာလမ်း အနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းနှင့် အမာခံလမ်း ပုခုံးခင်းခြင်းများအား ဆောင်ရွက်လျက်ရှိ (၂၂/၁/၂၀၂၅ – MOI)