Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဘိန်းခင်း ဧက ၅၀၀ ကျော် ဖျက်ဆီး

ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဘိန်းခင်းများ ဖျက်ဆီးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ် တောင်ပိုင်း ရဲတပ်ဖွဲ့က ဘိန်းခင်း ဧက ၅၆၃ ဧကကို ဖျက်ဆီး
ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇန်နဝါရီ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဘိန်းခင်းများသည် ရှမ်းပြည်နယ် အနောက်ဘက် လွိုင်လင်မြို့နယ် ပင်လုံမြို့ အနောက်ဘက်တွင် တောင်ကုန်းနှင့် တောင်စောင်းများတွင် စိုက်ပျိုးထားသော ဘိန်းခင်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်ကြားတွင် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အထိ အလားတူဧရိယာ၌ ဘိန်းခင်းဧက ၉၆၀ ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)