Connect with us

Myanmar

မြန်မာနိုင်ငံ၌ တရားမဝင်သစ် တန်ချိန် ၁၀၀ ကျော် ဖမ်းဆီးရမိ

မြန်မာနိုင်ငံ၌ ဖမ်းဆီးရမိသော တရားမဝင်သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပတ်အတွင်း တရားမဝင်သစ်တန်ချိန် (၁၀၀)ကျော် သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇန်နဝါရီ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ကျွန်းသစ် ၅ ဒသမ ၆၄ တန်ကျော်၊ သစ်မာ ၁၉ ဒသမ ၇၅ တန်ကျော်နှင့် အခြားသစ်အမျိုးအစား ၁၃၅ ဒသမ ၈ တန်ကျော်တို့ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတို့၌ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကာလအတွင်း အမှုတွဲများနှင့် ဆက်စပ်၍ ပြစ်မှုကျူးလွန်သူ ၁၇ ဦးအား မော်တော်ယာဉ် ခြောက်စီးနှင့် စက်ယန္တရားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ခိုးထုတ်မှုနှင့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှုများကို နှိမ်နင်းခဲ့ပြီး သစ်ပင်စိုက်ပျိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.