Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး (၉/၁/၂၀၂၅-MRTV)

-ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ဒီဇင်ဘာလအတွင်း ငါးသလောက်ပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ (၉/၁/၂၀၂၅-MRTV)

-ပုသိမ်ခရိုင်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက နှစ်သိန်းကျော် ရိတ်သိမ်းပြီးစီး၊ ဒေသဝမ်းစာ ဖူလုံပိုလျှံရေးနှင့် ဆန်စပါးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိ (၉/၁/၂၀၂၅-MRTV)

-2025 AFC Women’s Futsal Asian Cup ခြေစစ်ပွဲဝင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ ၁၇ ဦး စာရင်းထုတ်ပြန် (၉/၁/၂၀၂၅-MRTV)

-ကဏန်းကျွန်း ဒီရေတောကြိုးပြင် ကာကွယ်တောသတ်မှတ် (၉/၁/၂၀၂၅-MRTV)

-ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ၂၀၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှ ဒီဇင်ဘာလကုန်အထိ ပြည်တွင်း၊ပြည်ပခရီးသွား (၆)သိန်းကျော် ဝင်ရောက်ခဲ့(၉/၁/၂၀၂၅-MRTV)

-ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြိုင်ကြီးငူ-မင်္ဂလာမြို့ဦးစေတီတော်မြတ်ထီးတော်တင်လှူပူဇော် (၉/၁/၂၀၂၅-MOI)

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုး ချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက် (၉/၁/၂၀၂၅-MOI)

-ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် ၊ အင်းစိန်မြို့နယ်တွင် ဒေသထွက်ကုန်ပစ္စည်းများနှင့် မြန်မာ့ရိုးရာအစားအသောက်များ ရောင်းချသည့် ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ (၉/၁/၂၀၂၅-MRTV)

-မကွေးတိုင်းဒေသကြီး ချောက်မြို့ ဓာတ်အားခွဲရုံတွင် 66KV ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်လျက်ရှိ (၉/၁/၂၀၂၅-MRTV)