Connect with us

Myanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

– ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွင် ထုတ်ကုန်ပစ္စည်းများ ရောင်းချမှု ကျပ်သန်း (၂,၀၀၀) နီးပါးရှိပြီဖြစ် (၁၅/၂/၂၀၂၅ – MRTV)
– (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ပဉ္စမနေ့ဆက်လက်ပြသရောင်းချ၊ ပြည်သူများနှင့် နိုင်ငံခြားသားများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြသဖြင့် အထူးစည်ကား (၁၅/၂/၂၀၂၅ – MOI)
– မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး (မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကျင်းပ (၁၄/၂/၂၀၂၅ – MOI)
– လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ (၁၅/၂/၂၀၂၅ – MOI)
-ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲ တက်ရောက် (၁၅/၂/၂၀၂၅ – MOI)
– MSME ချေးငွေများ လျှောက်ထားနိုင် (၁၄/၂/၂၀၂၅ – MDN)
– ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H.E. Mr. Liu Zhongyi တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (၁၄/၂/၂၀၂၅ – MOI)
– ရန်ကုန်ပညာရေးတက္ကသိုလ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ (၁၅/၂/၂၀၂၅ – MOI)
– စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိရစ္ဆာန်ဆေးပညာသင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ (၁၅/၂/၂၀၂၅ – MRTV)
– မိုးညှင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ (၁၅/၂/၂၀၂၅ – MWD)
– MNL ပြိုင်ပွဲတွင် သစ္စာအားမာန်အသင်း နိုင်ပွဲယူပြီး တန်းဆင်းဇုန်မှလွတ်မြောက် (၁၅/၂/၂၀၂၅ – MWD)
– အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၁၅/၂/၂၀၂၅ – MOI)
– နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ (၁၄/၂/၂၀၂၅ – MOI)